မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ ဌာနပိုင်မူလတန်းကြိုကျောင်း ( ၆ ) ကျောင်းမှ ၂၀၂၄ခုနှစ်၊ မတ်လအတွင်း ရင်သွေးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်ပဒေသာကပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့၊ အမှတ်(၁) မူလတန်းကြိုကျောင်းမှ (၁၁.၃.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ အမှတ်(၂)မူလတန်းကြိုကျောင်းမှ (၁၅.၃.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ အမှတ်(၃)မူလတန်းကြိုကျောင်းမှ (၂၀.၃.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ သံဖြူဇရပ်မူလတန်းကြို ကျောင်းမှ (၂၁.၃.၂၀၂၄) ရက်နေ့တွင်လည်းကောင်း၊ ချောင်းဆုံမူလတန်းကြိုကျောင်း (၂၂.၃.၂၀၂၄) ရက်နေ့တွင်လည်းကောင်း အသီးသီးကျင်းပဆောင်ရွက်ခဲ့ကြပြီး၊ သထုံမူလတန်းကြိုကျောင်းမှ (၂၉.၃.၂၀၂၄) ရက်‌နေ့တွင် ကျင်းပဆောင်ရွက်သွားပါမည်။


နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပဆောင်ရွက်ခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၊ မုံရွာမြို့တွင်(၃၆)နှစ်မြောက် ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပ

MOS

DSW

DDM

DOR