စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်မူလတန်းကြိုကျောင်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့က (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အကြိုအခမ်းအနားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊လူမှုဝန်ထမ်းဦးစီးဌာနမှ ဆရာ/ဆရာမများ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ သားငယ်/သမီးငယ်လေးများ၊ မိဘများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သားငယ်/သမီးငယ်လေးများမှ ကဗျာ၊ သီချင်းများဖြင့် တင်ဆက်ကပြခြင်း၊ ကစားနည်းများဖြင့် ပျော်ရွှင်စွာကစားပြခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာကြသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအောင်မြင်စွာကျင်းပခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ကျင်းပဆောင်ရွက်ခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၊ မုံရွာမြို့တွင်(၃၆)နှစ်မြောက် ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနား ကျင်းပ

MOS

DSW

DDM

DOR