လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၆-၉-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကေျးရွာအုပ်စု၊
သဲဝါကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် သေဆုံးသူ(၁)ဉီးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)ကျပ်နှင့်
ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)ကျပ်အားလည်းကောင်း၊ (၂၈-၉-၂၀၂၂) ရက်နေ့တွင်
တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန်ဘွေးကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့်
တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး၊
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝိ/-)ကျပ်အားလည်းကောင်း
အသီးသီးထောက်ပံ့ပေးရာတွင် ထောက်ပံ့ငွေစုစုပေါင်းမှာ (၄၅၆,၃၀ဝိ/-)ကျပ်ဖြစ်ပြီး (၂၉-၉-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌
ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။
နောက်ဆုံးရသတင်းများ
သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း
26th November 2025
မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
26th November 2025
သဘာဝဘေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း
26th November 2025
သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း
24th November 2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
21st November 2025

