လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၂)ရက်နေ့တွင်
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်း ဝင်ရောက်မှုကြောင့်
တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၈၀,၀၀ဝိ/-)နှင့်လူဦးရေ(၂၅)ဦးအတွက်
ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂,၅၀ဝိ/-)အားလည်းကောင်း၊ (၂၈-၈-၂၀၂၂)ရက်နေ့
တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာတွင်
တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃)လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၉၀,၀၀ဝိ/-)နှင့် လူဦးရေ(၁၄)ဦး အတွက်
ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၉,၄၀ဝိ/-)အားလည်းကောင်း၊ (၂၉-၈-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊
အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေပြန် အရှေ့ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့်
ပြောင်းရွှေ့ရသည့်နေအိမ် (၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂၀၀,၀၀ဝိ/-)၊
လူဦးရေ(၁၀)ဦးအတွက် ဆန် ရိက္ခာဖိုး ထောက်ပံ့ငွေကျပ်(၂၁,၀၀ဝိ/-)အားလည်းကောင်း၊
ထောက်ပံ့ငွေစုစုပေါင်း (၅၇၂,၉၀ဝိ/-)ကျပ်အား (၃၀-၈-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏
ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။
နောက်ဆုံးရသတင်းများ
သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း
26th November 2025
မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၌ မီးဘေးထောက်ပံ့မှုသတင်း
26th November 2025
သဘာဝဘေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း
26th November 2025
သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း
24th November 2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
21st November 2025

